မြစ်သား ၁၄ ဧပြီ

 

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများအတွက် နိုင်ငံတော်မှ ထောက်ပံ့ကူညီပေးသည့်  အခြေခံ စားသောက်ကုန်(၅)မျိုး ဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် ကြက်သွန်နီတို့ကို ဧပြီ(၁၀)ရက်နေ့မှစ၍ ရပ်ကွက်/ကျေးရွာအုပ်စုနှင့် ကျေးရွာများအရောက် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။

 

ယနေ့တွင်လည်း အခြေခံစားသောက်ကုန်(၅)မျိုးအား လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးနှင့် ဌာနဆိုင်ရာများ၊ မြို့နယ် SRT အဖွဲ့များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများက ဦးဆောင်ကြီးကြပ်၍ ရပ်ကွက်နှင့် ကျေးရွာများအရောက် ဆက်လက် ထောက်ပံ့ပေးလျက်ရှိသည်။

 

ထိုသို့ထောက်ပံ့ပေးရာတွင် မြစ်သားမြို့နယ်အတွင်း ကူမဲမြို့အပါအဝင် ရပ်ကွက်(၁၁) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၈၁) အုပ်စုရှိပြီး ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၂၈၁၄၀)ရှိကြောင်းနှင့် အဆိုပါ အိမ်ထောင်စု (၂၈၁၄၀) တို့အတွက် အိမ်ထောင်စုတစ်စုလျှင် ဆန်(၈)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ဆား(၅၀)ကျပ်သား၊ ကြက်သွန်နီ(၁)ပိဿာ၊ ပဲ(၁)ပိဿာတို့အား တာဝန်ရှိသူများ က လက်ဝယ်အရောက် ဖြန့်ဝေဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

           

ဆုမွန်-မြစ်သားပြန်/ဆက်