ပခုက္ကူ ၁၄ ဧပြီ
ပခုက္ကူမြို့ရှိ Facility Quarantine ထားရှိသည့်နေရာနှစ်နေရာနှင့် ဟိုပင်မြန်မာစားသောက်ဆိုင်တို့မှ စောင့်ကြည့်ခံရသူ စုစုပေါင်း (၁၀)ဦးအား ဓာတ်ခွဲစစ်ဆေးရန် ဧပြီ ၁၄ ရက် နံနက်ပိုင်းက ကျန်းမာရေးဌာနက ဆောင်ရွက်လျက်ရှိသည်။
ပခုက္ကူမြို့ Facility Quarantine (1)တွင်ထားရှိသည့် ပြည်ပပြန်များမှ (၄)ဦး၊ Facility Quarantine (2) တွင်ထားရှိသည့် ပြည်ပပြန်များမှ (၄)ဦးနှင့် လူနာအမှတ် (၈) ထမင်းစားဝင်ရောက်ခဲ့သည့် ဟိုပင်မြန်မာထမင်းဆိုင်မှ (၂)ဦး စုစုပေါင်း (၁၀)ဦးအား ဓာတ်ခွဲစစ်ဆေးနိုင်ရန် သက်ဆိုင်ရာ ကျန်းမာရေးဌာနက နှာခေါင်းတို့ဖတ်နှင့် အာခေါင်တို့ဖတ်နမူနာများ ရယူ၍ပေးပို့သွားမည် ဖြစ်သည်။
ပခုက္ကူမြို့နယ်တွင် ဧပြီ ၁၄ ရက်နံနက်ပိုင်းအထိ Facility Quarantine နှင့် Community Base Facility Quarantine ထားရှိသူ (၁၀၉)နှင့် Home Quarantine ဆောင်ရွက်ထားသူ (၁၀၃)ဦးရှိကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်


