မြဝတီ ၁၄ ဧပြီ
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် သင်္ကြန်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအတွက် အခြေခံစားသောက်ကုန် (၅)မျိုးအား အိမ်တိုင်ရာရောက် ထောက်ပံ့ဖြန့်ဝေပေးလျက်ရှိရာ ယနေ့ ငါးရက်မြောက်နေ့အဖြစ် အိမ်ထောင်စု ၂၅၀၀ စုအား ဖြန့်ဝေပေးခဲ့ကြောင်း မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်ထံမှ သိရသည်။
ထိုသို့ဖြန့်ဝေရာတွင် တာဝန်ရှိသူများက အိမ်ထောင်စုတစ်စုလျှင် အခြေခံစားသောက်ကုန် (၅)မျိုးဖြစ်သော ဆန်(၈)ပြည်၊ ဆီ(၅၀) ကျပ်သား၊ ပဲ(၁)ပိဿာ၊ ဆား(၅၀)ကျပ်သား၊ ကြက်သွန်နီ(၁)ပိဿာတို့ကို ဖြန့်ဝေပေးခြင်း ဖြစ်သည်။
မြဝတီမြို့နယ်အနေဖြင့် ပထမနေ့က အိမ်ထောင်စု ၂၀၀ စု၊ ဒုတိယနေ့တွင် အိမ်ထောင်စု ၁၁၅၀ စု ၊ တတိယနေ့တွင် ၁၁၀၀ စု၊ စတုတ္ထနေ့တွင် အိမ်ထောင်စု ၅၀၀ နှင့် ယနေ့ ငါးရက်မြောက်နေ့တွင် အိမ်ထောင်စု ၂၅၀၀စု အား ဆက်လက်ဖြန့်ဝေခြင်းဖြစ်ကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)


