မိုင်းရယ်   ၁၅    ဧပြီ  

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက် ၈ နာရီခွဲက လားရှိုးခရိုင်၊ မိုင်းရယ်မြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့ ရောက်ရှိကာ ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုများသို့ အခြေခံစားကုန် (၅)မျိုး ထောက်ပံ့ ပေးအပ်ပွဲသို့ တက်ရောက် အားပေးသည်။ ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မိုင်းရယ်မြို့ ပြည်သူ့ ဆေးရုံသို့ ရောက်ရှိပြီး ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရန် အလှူငွေကျပ်ငါးသိန်းအား ထောက်ပံ့လှူဒါန်းရာ မြို့နယ် ဆရာဝန်ကြီး ဒေါက်တာ သီရိထွန်းက လက်ခံရယူသည်။

 

2

 

ယင်းနောက် မိုင်းရယ်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံ့ရေး ကော်မတီမှ ပေးပို့ လှူဒါန်းသည့် နှာခေါင်းစည်း(Mask) ခုရေ (၃၀ဝ)၊ လက်အိတ်(၂၀ဝ)၊ မျက်မှန်၅ လက်၊ PPE ဝတ်စုံ(၈)စုံ၊ အပူချိန် တိုင်းစက်(၄)ခု၊ ပိုးသတ်ဆေးရည်(၁)ပုံး၊ ရေမလိုလက်သန့်ဆေးရည် 20L နှင့် ပိုးသတ်ဆေးဖျန်းပုံး(၁)ပုံးတို့ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးတို့က ပေးအပ်ရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသီရိထွန်းက လက်ခံရယူခဲ့သည်။

 

ပြည်နယ်ဝန်ကြီးချုပ်က ကျန်းမာရေးဝန်ထမ်းများအနေဖြင့် မိမိတို့ကိုယ်တိုင်လည်း ကျန်းမာရေး အထူးဂရုစိုက်ကြရန်၊ ပြည်သူများကို စိတ်စေတနာမှန်ကန်စွာ စောင့်ရှောက်ပေးကြရန် ကာကွယ် ရေးဝတ်စုံ (PPE)များသုံးစွဲကြရန်နှင့် လိုအပ်ပါက ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

မြို့နယ်ပြန်/ဆက်

 

4