နေပြည်တော် ၁၅ ဧပြီ

 

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ယူနီဆက်တို့ ပူးပေါင်းမှုဖြင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးအတွက် လူစည်းကားသော နေရာများဖြစ်သည့် ကျေးလက်စျေးများ၊ ထင်ရှားသည့် ဘာသာရေးအထိမ်းအမှတ်နေရာများ၊ ကျန်းမာရေးဌာနများ၊ ကားဂိတ်များ စသည့် နေရာများတွင် ဆပ်ပြာနှင့်ရေကို အသုံးပြု၍ အများပြည်သူများ အလွယ်တကူလက်ဆေးနိုင်ရန် အများသုံးလက်ဆေးဘေစင်များ တည်ဆောက်ခြင်း၊ ပညာပေးပိုစတာများ ဖြန့်ဝေခြင်း/ပညာပေးခြင်း၊ ရေနှင့် လက်ဆေးဆပ်ပြာများ ဝယ်ယူဖြည့်တင်းခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ခြင်း လုပ်ငန်းများအား ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ယူနီဆက်တို့ ပူးပေါင်း၍ သက်ဆိုင်ရာဌာန အဖွဲ့အစည်းများဖြင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက်ရှိသည်။

 

ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးအတွက် ပြည်နယ်/တိုင်းဒေသကြီး (၁၄)ခုရှိ မြို့နယ်ပေါင်း (၁၆၂)မြို့နယ်၊ ကျေးရွာ(၂၇၉၈)ရွာတွင် လက်ဆေးဘေစင် စုစုပေါင်း(၃၉၂၆)ခု ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဧပြီ ၁၅ ရက်အထိ လက်ဆေးဘေစင်ပေါင်း (၃၅၂၀)ခု ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်