လဲချား ၁၅ ဧပြီ
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ လူမှုရေး၀န်ကြီး ဒေါက်တာမျိုးထွန်းနှင့် လမ်းပန်းဆက်သွယ်ရေး၀န်ကြီး ခွန်ရဲထွေးတို့က ယနေ့ မွန်းလွဲ ၂ နာရီတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများနှင့် အလှူငွေများ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ဆရာ၀န်ကြီးက မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က လိုအပ်သည်များကို လမ်းညွှန်မှာကြားပေးခဲ့သည်။
ထို့နောက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများဖြစ်သော PPE ၀တ်စုံ ၂၀၊ နှာခေါင်းစည်း ၁၀၀၀၊ လက်အိတ် ၇၀၀၊ သာမိုမီတာ ၂ ခု၊ Hand gel ၃၀ ဘူး၊ Goggle မျက်မှန် ၁၅ ခု၊ လက်သန့်ဆေးရည် ၁၂ ဘူး၊ အရက်ပြန် ၁၂ ဘူးနှင့် အလှူငွေကျပ် ၅ သိန်းတို့ကို ၀န်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ လူမှုရေး၀န်ကြီး ဒေါက်တာမျိုးထွန်း၊ လမ်းပန်းဆက်သွယ်ရေး၀န်ကြီး ခွန်ရဲထွေးတို့က လွှဲပြောင်းပေးအပ်ခဲ့ပြီး မြို့နယ်ဆရာ၀န်ကြီး ဒေါက်တာ ဇင်မောင်နွယ်က လက်ခံရယူခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)