မင်းလှ ၁၆ ဧပြီ
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား နိုင်ငံတော်မှ ဆန်အပါဝင် အခြေခံစားသောက်ကုန် (၅) မျိုး ထောက်ပံ့ပေးခြင်းကို ဧပြီ ၁၂ ရက်က သရက်တပင်ကျေးရွာအုပ်စုမှ စတင် ဖြန့်ဝေပေးလျက်ရှိပြီး ဧပြီ ၁၆ ရက်က အိမ်ထောင်စု(၁၁၀၉၁)အတွက် စားသောက်ကုန်များ ထောက်ပံ့ပြီးစီးခဲ့ကြောင်း သိရသည်။
အခြေခံစားသောက်ကုန် (၅) မျိုး ထောက်ပံ့ပေးအပ်ခြင်းကို မြို့နယ်အုပ်ချုပ်ရေးမှူးဦးမျိုးညွန့်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်စည်ပင်သာ ယာရေးကော်မတီဥက္ကဋ္ဌ ဦးခင်ထွန်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများကိုယ်တိုင်ကြီးကြပ်၍ အိမ် ထောင်စု(၁) စုလျှင် ဆန်(၈)ပြီ၊ ဆီ (၅၀) ကျပ်သား၊ ဆား(၅၀)ကျပ်သား၊ ပဲ (၁)ပိဿာ၊ ကြက်သွန်(၁) ပိဿာ စသည့် အခြေခံစားသောက်ကုန်(၅) မျိုးကို အိမ်တိုင်ရာရောက်ဖြန့်ဝေပေးခဲ့သည် ။
မင်းလှမြို့နယ်တွင် ရပ်ကွက်(၁၂) ရပ် ကွက်၊ ကျေးရွာ(၅၄)အုပ်စု၊ ကျေးရွာပေါင်း (၂၄၆) ရွာ၊အိမ်ထာင်စုပေါင်း (၃၁၆၈၉)စုရှိပြီး၊ တစ်မြို့နယ်လုံးတွင် ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုပေါင်း (၁၁၀၉၁)စုအတွက် အခြေခံစားသောက်ကုန် (၅)မျိုးကို အဖွဲ့(၂)ဖွဲ့ခွဲ၍ ဖြန့်ဝေပေးနိုင်ခဲ့ကြောင်း သိရသည်။
ပေါက်စ (မင်းလှ)