ပခုက္ကူ ၁၆ ဧပြီ
ပခုက္ကူမြို့နယ်၊ ကမ္မမြို့ စားသုံးသူ ပြည်သူများအတွက် ဧပြီ ၁၆ ရက် နံနက် ၆ နာရီက ကမ္မမြို့အုပ်ချုပ်ရေးမှူးရုံးသို့ စားသောက်ကုန် ကုန်စိမ်းများလာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ကမ္မမြို့၊ အမှတ် (၆) ရပ်ကွက်နေ ဒေါ်ခင်ဌေးလွင်မိသားစု (ပြည့်အားမာန်) ရှမ်း ကုန်စည်ဖြန့်ချိရေးနှင့် ကန်စည်ပို့ဆောင်ရေး၊ တောင်ကြီးမှ ရှမ်းပန်း အပွင့် (၁၀၀၀)၊ ဂေါ်ဖီထုပ် (၅၈၀) ထုပ်၊ ခရမ်း သီး (၃၁၅) ပိဿာ၊ မုံညင်းဖြူ (၄၇) ပိဿာ၊ ဂေါ်ရခါးသီး (၄၂၀၀) လုံး တို့ကို လှူဒါန်းခဲ့ကြခြင်းဖြစ်ပြီး ကမ္မမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးစော ထူးအောင် ဦးဆောင်သော ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ်ရေး (ကမ္မ) အဖွဲ့က လက်ခံရယူကြသည်။
အဆိုပါ စားသောက်ကုန် ကုန်စိမ်းများကို သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ပြည်သူများထံသို့ ပြန်လည် ခွဲဝေပေးခဲ့ကြောင်း သိရသည်။
ဆလိုင်းကိုကီး