မြောင်းမြ ၁၇ ဧပြီ
၁၃၈၂ ခုနှစ် ၊ မြန်မာနှစ်သစ်မင်္ဂလာ အခါသမယ နှစ်ဆန်း (၁)ရက်နေ့တွင် ပြည်ထောင်စုသမ္မ္မတ မြန်မာ နိုင်ငံတော် ၊ နိုင်ငံတော် သမ္မတရုံး အမိန့်အမှတ် ၁၁/၂၀၂၀ ဖြင့် နိုင်ငံတော်သမ္မ္မတ၏ ပြစ်ဒဏ် လွတ်ငြိမ်းခွင့် အမိန့်ဖြင့် မြောင်းမြအကျဉ်းထောင်မှ အမျိုးသား (၂၉၇)ဦး ၊ အမျိုးသမီး(၁၂) စုစုပေါင်း (၃၀၉) ဦးတို့ လွတ်ငြိမ်းခွင့်ရရှိကြောင်း သိရသည်။
နိုင်ငံတော်လွတ်ငြိမ်းချမ်းသာခွင့်အမိန့်တွင် မြန်မာနှစ်သစ်မင်္ဂလာအခါသမယ အထိမ်းအမှတ်အားဖြင့် လည်းကောင်း ၊ ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူသားခြင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် လည်းကောင်း ၊ အကျဉ်းထောင်အသီးသီးတွင် အကျဉ်းကျခံနေကြသော နိုင်ငံသား အကျဉ်းသား/သူ (၂၄၈၉၆) ဦးတို့အား နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄ ၊ ပုဒ်မခွဲ (က)အရ လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်းဖြစ်ပြီး ကျန်အကျဉ်းသား/သူများကိုလည်း လျော့ပေါ့ လွတ်ရက်များဖြင့် အခွင့်အရေးရရှိရန် ဆောင်ရွက်ထားကြောင်း ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်အမိန့် အရသိရသည်။
နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် ရရှိသူများအား မြောင်းမြမြို့ နယ်မြေခံတပ်ရင်း ဆေး တပ်ဖွဲ့မှ ကိုဗစ်ကူးစက်မြန်ရောဂါ ကင်းရှင်းရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး ခဲ့ကြောင်းသိရပြီး ၁၃၈၂ ခုနှစ် နှစ်သစ်မင်္ဂလာ အထိမ်းအမှတ် နိုင်ငံတော်သမ္မ္မတ၏ ပြစ်ဒဏ် လွတ်ငြိမ်းချမ်းသာခွင့်တွင် တစ်နိုင်ငံလုံးရှိ အကျဉ်းထောင်အသီးသီးမှ နိုင်ငံသားအကျဉ်းသား/သူ (၂၄၈၉၆) ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား (၈၇)ဦး စုစုပေါင်း (၂၄၉၈၃)ဦးတို့ လွတ်ငြိမ်းချမ်းသာခွင့် ရရှိကြောင်း သိရသည်။
အောင်မင်း (မြောင်းမြ)