လွိုင်ကော်   ၁၇  ဧပြီ   

 

မြန်မာနှစ်သစ်ကူး အခါသမယ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် နိုင်ငံတော်သမ္မတမှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ  ၂၀၄ ၊ ပုဒ်မခွဲ (က)အရ မြန်မာနိုင်ငံအတွင်း အကျဉ်းထောင်/ စခန်းအသီးသီးရှိ အကျဉ်းသား/သူစုစုပေါင်း (၂၄၈၉၆)ဦးတို့အား စည်းကမ်းသတ်မှတ်ချက်မထားဘဲ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးခဲ့သည်။

  

ကယားပြည်နယ်တွင် ​ဧပြီ ၁၇ ရက်​နေ့ နံနက် (၉) နာရီမှ မွန်းတည့် (၁၂) နာရီအထိ လွိုင်​ကောင်မြို့၊ ​ဒေါဥခူရပ်ကွက်ရှိ လွိုင်​ကော်အကျဉ်းထောင်တွင်ရှိ ကျား (၁၆၈) ဦး၊  မ (၂၂)ဦး စုစုပေါင်း (၁၉၀)တို့အား ​စေလွှတ်​ပေးခဲ့ရာ အကျဉ်းထောင်ဝန်းရှိခန်းမ​ဆောင်၌ လွိုင်​ကော်ခရိုင်အုပ်ချုပ်​ရေးမှူး ဦးစန်းဝင်း၊ ပြည်နယ်အကျဉ်းဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူး ဦးညွန့်ဝင်း၊ ​လက်​ထောက်ညွှန်ကြားရေးမှူး ​ထောင်ပိုင် ဦး​ကျော်​ဇေယျ၊ ကယားပြည်နယ်ဒုရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လှရီ၊ လွိုင်​ကော်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး တင်မင်းဦး တို့မှ ​ထောင်လွတ် အကျဉ်းသား/သူများအား နောင်တွင် ကောင်းမွန်စွာနေထိုင်ရန် နှင့် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်း တို့ကို  အသီးသီး​ ပြောကြားခဲ့​ပြီး လက်ကမ်းစာစောင်များပေးဝေခဲ့ကြောင်း သိရှိရသည်။

 

အဆိုပါ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးခဲ့ရာတွင် ရဲအက်ဥပဒေဖြင့်       ကျား    ၂ ဦး၊    မ  ၁ ဦး  ပေါင်း ၃ ဦး၊ တပ်မတော်အက်ဥပဒေဖြင့်   ကျား  ၁၇ ဦး၊ မူးယစ်ပုဒ်မဖြင့်          ကျား ၁၃၀ ဦး၊   မ ၂၁ ဦး ပေါင်း ၁၅၁ လူသတ်မှု ကျား ၆ ဦး၊ တလင်တမယားမှုဖြင့် ကျား ၂ ဦး၊ ​လောင်းကစားမှုဖြင့် ကျား ၁ ဦး၊ လူသတ်ရန်ကြံစီမှု ကျား ၁ ဦး၊ တရားမဝင်သစ်သယ်​ဆောင်မှု ကျား ၁ ဦး၊ မုဒိမ်းမှု ကျား ၃ ဦး၊ ခိုးမှု ကျား ၅ ဦးတို့ဖြစ်ကြောင်း သိရှိရသည်။

 

​ထောင်လွတ်အကျဉ်းသား/သူများအား ​မိမိ​နေရပ်သို့မပြန်မီ လွိုင်ကော်အကျဉ်းထောင်အတွင်း၌ ၇/၁၀၀ တပ်မ​တော်​ဆေးရုံမှ ဗိုလ်ကြီး ထင်လင်း​အောင် ပါ ၂ ဦးတို့မှ ကျန်းမာ​ရေးစစ်​ဆေးမှုများ ပြုလုပ်ခြင်း၊ ပြည်နယ်ကု​သ ရေးဦးစီးဌာနမှ ​ဒေါက်တာ ဖြိုး​မောင်​မောင်ပါ ကျန်မာ​ရေး၀န်ထမ်း ၃ ဦးတို့မှ ​ဆေး​စစ်​ဆေးချက်​​ထောက်ခံချက်များ ပြုလုပ်​ပေးခြင်း တို့​ဆောင်ရွက်​ပေးခဲ့​ကြပြီး မော်တော်ယာဉ်များဖြင့် အသီးသီးပို့​ဆောင်​ပေးခဲ့​ကြောင်းနှင့်   ကျန်အကျဉ်းသား/သူ စုစု​ပေါင်း ၁၀၂ ဦးတို့အား မိမိအစီအစဉ်ဖြင့် ထွက်ခွာသွား​ကြောင်း သိရှိရသည်။

 

ကိုစိုင်း (လွိုင်ကော်)