စစ်တွေ  ၁၇  ဧပြီ

 

နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ် ၁၂/ ၂၀၂၀နှင့် ၁၃/၂၀၂၀ ဖြင့် ယနေ့ဧပြီလ ၁၇ ရက်နေ့ (မြန်မာ နှစ်ဆန်းတစ်ရက်နေ့)တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့ရာတွင် ရခိုင်ပြည်နယ်အတွင်းရှိ အကျဉ်းထောင်အသီးသီးမှ  အကျဉ်းသား၊ အကျဉ်းသူ ၈၀၂ ဦး လွတ်မြောက်ကြောင်း သိရသည်။

 

မြန်မာနှစ်သစ်ကူးအခါသမယ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံး စိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် လည်းကောင်း၊ အကျဉ်းထောင်၊ စခန်းအသီးသီးတွင် အကျဉ်းကျခံနေကြရသော နိုင်ငံသားအကျဉ်းသား၊ အကျဉ်းသူများနှင့် နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူများကို နိုင်ငံတော်သမ္မတမှ ယနေ့တွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးလျက်ရှိသည်။

 

ထို့သို့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးရာတွင် စစ်တွေအကျဉ်းထောင်မှ အကျဉ်းသား ၃၁၁ ဦး၊ အကျဉ်း သူ ၃၂ ဦး၊ ၊ ဘူးသီးတောင်အကျဉ်းထောင်မှ အကျဉ်းသား ၁၅၇ ဦး၊ အကျဉ်းသူ ၂၂ ဦး၊  ကျောက်ဖြူ အကျဉ်းထောင်မှ အကျဉ်းသား ၁၆၀ ဦး၊ အကျဉ်းသူ ၉ ဦး နှင့် သံတွဲအကျဉ်းထောင်မှ အကျဉ်းသား ၁၀၄ ဦး၊ အကျဉ်းသူ ၇ ဦး စုစုပေါင်း ရခိုင်ပြည်နယ်အတွင်းရှိ အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား၊ အကျဉ်း သူ ၈၀၂ ဦးလွတ်မြောက်ကြောင်း သိရသည်။

 

အဆိုပါ လွတ်မြောက်လာသူများအား မိမိသားစုဝင်များ၊ သူငယ်ချင်းနှင့် မိတ်ဆွေများမှ ရင်းနှီး ပျော်ရွှင်စွာကြိုဆိုကြကြောင်း သိရသည်။

 

သတင်းနှင့်ဓာတ်ပုံ - တင်ထွန်း(ပြန်/ဆက်)