စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် နှစ်စဉ် နွေရာသီ ရေပြတ်လပ်မှု ဖြစ်နိုင်ခြေရှိသော ကျေးရွာများအား ကြိုတင် စာရင်းကောက်ယူခြင်း၊ ကျေးရွာများနှင့် တိုက်ရိုက်ဆက်သွယ် ဆောင်ရွက်နိုင်ရန်နှင့် သောက်သုံးရေ အလျင်အမြန် ပံ့ပိုးဖြည့်ဆည်းပေးရန်အတွက် အစီအစဉ်များ ကြိုတင်ချမှတ် ဆောင်ရွက်လျက်ရှိပါသည်။

 

သောက်သုံးရေပြတ်လပ်မှုများအား ချက်ချင်းတုံ့ပြန်ဆောင်ရွက် နိုင်ရန်အတွက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနများမှ သက်ဆိုင်ရာကျေးရွာများသို့ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များအား ဖြန့်ဝေထားရန် အကြောင်းကြားထားပြီးဖြစ်ပါသည်။ သို့ပါ၍ ရေပြတ်လပ်မှုဖြစ်ပါက သက်ဆိုင်ရာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနများသို့ ဆက်သွယ်ကြရန် နှိုးဆော်အပ်ပါသည်။

 

သောက်သုံးရေအခက်အခဲဖြစ်ပေါ်ပါက သတင်းပေးပို့ခြင်းနှင့် လှူဒါန်းလိုခြင်းရှိပါက သက်ဆိုင်ရာ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဖုန်းနံပါတ်များအား ဆက်သွယ် သတင်းပေးပို့နိုင်ပါကြောင်းနှင့် တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနများ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန (ရုံးချုပ်) မှ အောက်ဖော်ပြပါ Hot Line ဖုန်းနံပါတ်များသို့ ဖုန်းခေါ်ဆို၍လည်းကောင်း၊ Text Message ပေးပို့၍လည်းကောင်း ဆက်သွယ်သတင်းပေးပို့နိုင်ပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။

 

ဆက်သွယ်ရမည့်ဖုန်းနံပါတ်
ညွှန်ကြားရေးမှူးချုပ် ၀၉-၅၀၈၈၉၉၉

 

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၀၆၇-၃၄၁၈၆၀၂

 

ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၀၉-၄၂၈၃၀၀၇၆၆

 

ညွှန်ကြားရေးမှူး(ကျေးလက်ရေရရှိရေးဌာန) ၀၉-၄၄၂၀၇၆၂၄၄

 

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန Hot Line ၀၆၇-၃၄၁၈၆၅၁

 

ကျေးလက်ရေရရှိရေးဌာန ၀၆၇-၃၄၁၈၆၃၁၊ ၀၆၇-၃၄၁၈၆၅၅

 

စိုက်ပျိုးရေးဦးစီးဌာန Hot Line ၀၁-၂၃၉၉၅၅၅ ၊ Call Center ၀၆၇-၃၄၁၀၁၃၉