ကွန်ဟိန်း ၁၈ ဧပြီ
ရှမ်းပြည်နယ် (တောင်ပိုင်း) ကွန်ဟိန်းမြို့၌ လတ်တလောဖြစ်ပွားလျှက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့မဈေးအတွင်း လူစုလူဝေး မဖြစ်ပေါ်စေရန် ပျံကျဈေးသည်များအား မဟာကမ္ဘောဇပြည်ငြိမ်းအေး စေတီတော်ခြေရင်း အားကစားကွင်း မြေနေရာ၌ ယာယီရောင်းချခွင့် ပေးလျှက်ရှိသည်။
အဆိုပါဆောင်ရွက်မှုတွင် ပျံကျဈေးသည် တစ်ဦးလျှင် (၆)ပေခြား၍ နေရာများစီစဉ်ပေးထားပြီး ယာယီဈေးအား ဧပြီ ၁၈ ရက်နေ့မှ ဧပြီ ၃၀ ရက်နေ့အထိ နေ့စဉ်နံနက် ၅ နာရီမှ နံနက် ၁၀ နာရီအချိန်အထိသာ ရောင်းချခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
ဈေးရောင်းသူ/ဈေးဝယ်သူများမှလည်း နှာခေါင်းစည်းများ တပ်ဆင်ခြင်း၊ ကျန်းမာရေး အသိပညာပေး နှိုးဆော်ချက်များအား လိုက်နာ၍ စနစ်တကျ ဖွင့်လှစ်ရောင်းချလျှက်ရှိကြောင်း သိရှိရသည်။
ပြည့်စန္ဒီမြင့်(ပြန်/ဆက်)