နေပြည်တော် ၁၈ ဧပြီ
ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားနေသည့်အချိန်တွင် ရောဂါကူးစက်ပြန့်ပွားမှုအား ထိန်းချုပ်ရန်အတွက် အသွားအလာကန့်သတ်ထားသော ကာလအတွင်း မြန်မာအမျိုးသားလေကြောင်း၏ ပြည်တွင်းပြည်ပ လေယာဉ်ခရီးစဉ် ပျံသန်းပြေးဆွဲခြင်းအား ၂၀၂၀ ပြည့်နှစ် ဧပြီ ၃၀ ရက်နေ့အထိ ခေတ္တရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း Myanmar Aviation Development Association မှ အသိပေးချက် ထုတ်ပြန်ထားသည်။
ထိုကာလအတွင်း ဝယ်ယူထားသောလေယာဉ်လက်မှတ်များအား Full Refund နှင့် Free Date Change ပြုလုပ်ပေးကြောင်း Agent မှ ဝယ်ယူထားသော ခရီးသည်များအနေဖြင့် ယင်း agent မှ တစ်ဆင့် refund ပြန်လည်ထုတ်ယူနိုင်ပြီး website မှ ဝယ်ယူထားပါက [email protected] သို့ email ပေးပို့၍ refund ပြန်လည်ရယူနိုင်ကြောင်းလည်း သိရသည်။
ခရီးစဉ်များကို ၂၀၂၀ ပြည့်နှစ် မေ ၁ ရက်နေ့တွင် ပြန်လည်ပျံသန်းပြေးဆွဲသွားမည်ဖြစ်ပြီး ပြောင်းလဲမှုရှိပါက အချိန်နှင့်တစ်ပြေးညီ ကြေညာပေးမည်ဖြစ်ကြောင်း အသိပေးချက်တွင် ပါရှိသည်။
အသေးစိတ်အချက်အလက်များကို MNA Call Center +951 378603 – 04 – 06 – 07 – 08 ၊ +951 377840 – 41 – 42 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။
MDN
Crd - Myanmar Aviation Development Association