မန္တလေး ၁၈ ဧပြီ
လူမှုဝန်ထမ်းဦးစီးဌာန၊ မန္တလေးလူငယ်သင်တန်းကျောင်းတွင် ထိန်းသိမ်းစောင့်ရှောက်ထားသော ကျောင်းသား ၂၂ ဦး နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ရရှိခဲ့ကြောင်း သိရသည်။
ယင်းကျောင်းသားများမှာ မန္တလေးမြို့ အောင်မြေသာစံ၊ ပြည်ကြီးတံခွန်၊ ပုသိမ်ကြီး၊ မတ္တရာ၊ ပြင်ဦးလွင်၊ မြစ်သား၊ ပျဉ်းမနား၊ မုံရွာ၊ ကျိုင်းတုံ၊ ရပ်စောက်၊ မြစ်ကြီးနား၊ မိုးမောက်၊ မိုးမိတ်တို့မှပါဝင်ပြီး လတ်တလောသွားလာရန် ခက်ခဲသော ဒေသများမှ ကျောင်းသားများကို မသန်စွမ်း သက်ငယ်သင်တန်းကျောင်းသို့ လွှဲပြောင်းအပ်နှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျောင်းသား ၂၂ ဦးအား သက်ဆိုင်ရာမြို့နယ်မှူးများမှတစ်ဆင့် မိဘနှင့်အုပ်ထိန်းသူများသို့ လွှဲပြောင်းပေးအပ်ခြင်းကို ဧပြီ ၁၇ ရက်နေ့ နံနက် ၉ နာရီက မန္တလေး လူငယ်သင်တန်းကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိပ်ထားနိုင်