မိုးညှင်း ၁၈ ဧပြီ
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်အတွင်း သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာများအလိုက် ဖွင့်လှစ်ထားရှိသည့် ကန့်သတ်စောင့်ကြည့်စခန်းများသို့ နယ်စပ်စစ်ဆေးရေးဂိတ်မှတစ်ဆင့် မိုးညှင်းမြို့နယ်အတွင်း ဝင်ရောက်လာသူပေါင်း ၆၂ ဦးကို ဧပြီ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် ၎င်းတို့နှင့်သက်ဆိုင်သည့် ကန့်သတ်စောင့်ကြည့်စခန်းများတွင် စနစ်တကျမှတ်တမ်းရေးသွင်း လက်ခံခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် နန်းခမ်းသာယာကုန်း အခြေခံပညာအထက်တန်းကျောင်းခွဲတွင် ဖွင့်လှစ်ထားရှိသည့် ကန့်သတ်စောင့်ကြည့်ရေးစခန်းတွင် (၁၆)ဦး၊ လက်ပံတန်းကျေးရွာတွင်(၁)ဦး၊ ဆနွင်းကုန်းအင်းသာကျေးရွာတွင် (၁)ဦး၊ ဟိုပင်မြို့တွင် ၃ ဦး ၊ကြာကြီးကွင်း ကျေးရွာတွင် ၃၉ ဦးနှင့် ထုံးရေပေါက်ကျေးရွာတွင် ၂ ဦး စုစုပေါင်း ၆၂ ဦးတို့အား သက်ဆိုင်ရာ ကန့်သတ်စောင့်ကြည့်ရေး စခန်းများတွင် ကိုယ်အပူချိန်တိုင်းတာခြင်းနှင့် ၎င်းတို့၏ ကိုယ်ရေးအချက်အလက်များ ရယူခြင်းများကို စနစ်တကျ ဆောင်ရွက်ခဲ့ကြသည်။
တရုတ်နိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ ပြန်လည်လက်ခံ ဆောင်ရွက်ပေးခြင်းကို ယခု ၁၆ ရက်နေ့ နံနက် ၇ နာရီမှစ၍ ကန်ပိုက်တီးမြို့ နယ်စပ်စစ်ဆေးရေးဂိတ်နှင့် လွယ်ဂျယ်-မြန်မာ တရုတ်နှစ်နိုင်ငံနယ်စပ် စစ်ဆေးရေးဂိတ်များတွင် စိစစ်လက်ခံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျော်ကျော်ထွေး(ပြန်/ဆက်)