ဟားခါး ၁၈ ဧပြီ
ချင်းပြည်နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ ဖြစ်သည့် ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးအိုး၊ ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးဖွေအား၊ ကော်မတီတွဲဖက်အတွင်းရေးမှူး ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဧပြီ ၁၆ ရက် ညနေပိုင်းက ဟားခါးကောလိပ်ရှိ Community Based Facility Quarantine ပြုလုပ်မည့်နေရာကို သွားရောက်ကြည့်ရှုခဲ့သည်။
ထိုသို့ ကြည့်ရှုရာတွင် ပြည်နယ်ကော်မတီဝင် ပြည်နယ်ဝန်ကြီးများနှင့်အဖွဲ့သည် Community Based Facility Quarantine ပြုလုပ်မည့် ဟားခါးကောလိပ်ရှိ ကနေဒီဆောင် အတွင်း/အပြင် သန့်ရှင်းရေးဆောင်ရွက်မှု၊ ရေ၊ မီးရရှိမှု အခြေအနေ၊ အိပ်ရာခုတင်၊ စောင်၊ ခေါင်းအုံးများ ပြင်ဆင်ထားရှိမှု၊ ပိုးသတ်ဆေးဖျန်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ပေးခဲ့ကြောင်း သိရသည်။
အောင်ခွီရှိန်း(ပြန်/ဆက်)