ချောင်းဆုံ  ၁၉  ဧပြီ     

 

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရန်အတွက် ပြည်သူများ နေ့စဉ် အသုံးပြုလျက်ရှိသည့် မြို့မအမှတ်(၁)ဈေးနှင့် ကျေးရွာအချို့ရှိ ဈေးများကို ယမန်နေ့က စတင်ပြီး ယာယီဈေးများအဖြစ် ဖွင့်လှစ်ထားကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

 

001

 

ချောင်းဆုံမြို့မ အမှတ်(၁)ဈေးကို ဧပြီ ၁၉ ရက်နေ့နံနက်က စတင်ပြီး မဟာ ကန်တော်ကြီးရှေ့ရှိ မြေကွက်လပ်တွင် လည်းကောင်း၊ ကလော့ကျေးရွာဈေးကို ကလော့(အ.လ.က)ခွဲ ကျောင်းအနီး မြေကွက်လပ်တွင် လည်းကောင်း ယာယီပြောင်းရွှေ့ရောင်းချလျက်ရှိပြီး ဈေးသူဈေးသားများမှ သတ်မှတ်ထားသည့် နေရာများတွင် စည်းကမ်းရှိစွာရောင်းဝယ်ကြရန်၊ ဈေးလာရောက်ဝယ်ယူရာတွင် နှာခေါင်းစည်း (Mask)များ တပ်ဆင်ပြီးမှသာ ဝယ်ယူကြရန်၊ ဈေးအတွင်းသို့ လက်ဆေးပြီးမှ ဝင်ရောက်ကြရန်၊ စသည့်နှိုးဆော်ချက်များ ထားရှိပြီး ဈေးရောင်းချပေးလျက်ရှိကြောင်း သိရသည်။

 

ထူးအိမ်(ပြန်/ဆက်)

 

63338