မိုင်းဖြတ် ၁၉ ဧပြီ
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊မိုင်းဖြတ်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ ဧပြီလ ၁၉ရက် နံနက်ပိုင်းက ရောက်ရှိလာပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ၊ အခြေခံစားသောက်ကုန်များနှင့် အလှူငွေများကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများက မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြု ပစ္စည်းများဖြစ်သည့် PPE ဝတ်စုံ ၃၀ ၊လက်အိတ်ရှည် ၁၀ စုံ၊ E Glove ၅ ဗူး၊ Mask ၁၀ ဗူး၊ မျက်မှန် ၁၂ ခု၊ COVID-19 KIT ၂၅ ခုနှင့် လုပ်ငန်းသုံး ပစ္စည်းများ၊ အခြေခံစားသောက်ကုန်များနှင့် ထောက်ပံ့ငွေ ကျပ်၅သိန်းကို ပေးအပ်လှူဒါန်းရာ သွားဘက်ဆိုင်ရာ ဆရာဝန် ဒေါက်တာသိန်းဦးနှင့် ဝန်ထမ်းများက လက်ခံရယူခဲ့ သည်။ ထို့နောက်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ကျန်းမာရေး ဝန်ထမ်းများကို အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)


