နမ့်စန် ၁၉ ဧပြီ

 

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ပြည်သူများ  လူစုလူဝေးမဖြစ်ဘဲ စားသောက်ကုန်များ အဆင်ပြေစွာ ဝယ်ယူရောင်းချနိုင်ရန်အတွက် အမှတ် (၂)ရပ်ကွက် အထက(နမ့်စန်)ဘောလုံးကွင်းအတွင်းတွင် ယာယီပျံကျဈေးကို ဧပြီလ ၁၉ ရက် နံနက်ပိုင်းမှစတင်၍ ဖွင့်လှစ်ထားရှိပေးကြောင်း သိရသည်။

 

2707

 

အဆိုပါ ပျံကျဈေး ဖွင့်လှစ်သည့်နေရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးလွင်၊ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးလင်းအောင်ဆွေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဉက္ကဋ္ဌ ဦးလှထွေး၊ မြို့နယ်စည်ပင်သာယာရေးအမှုဆောင်အရာရှိ ဦးအောင်နိုင်ဦးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် ဈေးရောင်း ဈေးဝယ်နေသောပြည်သူများကို ဈေးအဝင်ဝတွင် လက်ဆေးနိုင်ရန် ဆောင်ရွက်ပေးခြင်း ၊ mask နှင့် လက်အိတ်များ တပ်ဆင်ပီးမှ ဈေးအတွင်းဝင်ရန်နှင့် လူစုလူဝေးမဖြစ်စေဘဲ သတ်မှတ်စည်းကမ်းများအတိုင်း ရောင်းဝယ်ကြရန် အသိပညာပေးခြင်းတို့ကို လိုက်လံအသိပညာပေး ဆောင်ရွက်ခဲ့ကြသည်။

 

2725

 

မြို့နယ်စည်ပင်သာယာရေး ကော်မတီအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နမ့်စန်မြို့မ ဈေးကြီးကို ဧပြီလ ၁၃ ရက်မှ ၁၈ ရက်နေ့ထိ ပိတ်သိမ်း ထားခဲ့ပြီး ဈေးပြန်ဖွင့်သည့် အချိန်တွင် လူစုလူဝေးမဖြစ်ပေါ်စေဘဲ ပြည်သူများရောင်းဝယ်မှု အဆင်ပြေစေရန်အတွက် မြို့မဈေး ပတ်ဝန်းကျင်တွင် ရောင်းချနေသည့် ပျံကျဈေးသည်များကို အထက(နမ့်စန်)ဘောလုံးကွင်းအတွင်းသို့ ရွှေ့ပြောင်း၍ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး အစီအမံများစနစ်တကျပြုလုပ်၍ တစ်ဆိုင်နှင့်တစ်ဆိုင် ၈ ပေ ၊ တစ်တန်း လျှင် ၁၆ ပေစီခြား၍ ရောင်းချစေပြီး မြို့မဈေးနှင့် ပျံကျဈေး ၂ခုလုံးကို နေ့စဉ် နံနက် ၆ နာရီမှ မွန်းလွဲ ၁ နာရီထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

 

သူရအောင် (ပြန်/ဆက်)

 

2751