မန္တလေး ၁၉ ဧပြီ
မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်၊ အကွက်(၅၂)ရှိ အိုးဘိုဘူတာဈေးတွင် ယနေ့နံနက် ၈ နာရီက နှာခေါင်းစည်း(Mask)များကို အခမဲ့ဖြန့်ဝေပေးခြင်းနှင့် စနစ်တကျ ရောင်းဝယ်နိုင်ရေး နေရာချထားပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အိုးဘိုဘူတာစျေးတွင် စျေးရောင်း၊ ဈေးဝယ် ပြုလုပ်ကြသူများက နှာခေါင်းစည်း(mask)များ တပ်ဆင်ကြရန် လိုက်နာမှု အားနည်းနေခြင်းနှင့် ဈေးရောင်းချသူများက ဈေးရောင်းချရာတွင် စနစ်ကျမှု မရှိခြင်းတို့ကြောင့် နှာခေါင်းစည်း(Mask)များ တပ်ဆင်ကြစေရန်နှင့် စနစ်တကျ ဈေးရောင်းချနိုင်ရေး တို့အတွက် ရည်ရွယ်ပြီး ဆောင်ရွက်ပေးကြခြင်းဖြစ်သည်။
နှာခေါင်းစည်း(Mask)များ အခမဲ့ပေးဝေခြင်းနှင့် စနစ်တကျ ရောင်းဝယ်နိုင်ရေး နေရာချထားပေးရာတွင် အောင်မြေသာစံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဌာနနှင့် လူမှုရေးအသင်းအဖွဲ့များမှ ပူးပေါင်းပြီး ဆောင်ရွက်ကြခြင်းဖြစ်ကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)