မယ်စဲ့  ၁၉  ဧပြီ

 

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား အထောက်အကူ ပြုစေရန်အတွက် ဧပြီ ၁၈ ရက်မှ စတင်ကာ ညမထွက်ရ ဒေသန္တရတားမြစ်အမိန့်များ ထုတ်ပြန်ခြင်းကို ရပ်ကွက်၊ ကျေးရွာများ၌ အသိပေးကြေညာခဲ့ကြောင်း သိရသည်။

 

1987

 

မယ်စဲ့မြို့နယ်အတွင်း၌ နေ့စဉ် ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ ပြင်ပသို့ လုံးဝထွက်ခွာခြင်း မပြုရန်၊ Mask မတပ်ဘဲ အိမ်အပြသို့ ထွက်ခွာခြင်း၊ ဈေးဆိုင်အသီးသီးတွင် ဈေးရောင်းဈေးဝယ်နှင့် ပြည်သူများ အားလုံး  Mask တပ်ပြီးမှ ဈေးရောင်းဈေးဝယ်ပြုလုပ်ကြရန်၊ ကုန်စည်စီးဆင်းမှုအတွက် သွားရောက် နေရသည့် ယာဉ်များ၊ လူပုဂ္ဂိုလ်များအနေဖြင့် သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ စိစစ်ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ရန် အစရှိသည့် စည်းကမ်းချက်များ သတ်မှတ်ခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေး ဒေသန္တရတားမြစ်အမိန်များ ထုတ်ပြန်ကာ ရပ်ကွက်၊ ကျေးရွာများ၌ အသိပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။

 

ဝတ်ရည်(ပြန်/ဆက်)