အောင်လံ  ၁၉ ဧပြီ

        

မကွေးတိုင်းဒေသကြီး အောင်လံမြို့ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် မီတာခစနစ်တ ကျကောက်ခံမှုကို ဧပြီလ(၁၉)ရက်နေ့ နံနက် ၈ နာရီခွဲခန့်က မြို့နယ်လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေး လုပ်ငန်းရုံး၌ စတင်ကောက်ခံလျက်ရှိကြောင်း သိရသည်။

           

အဆိုပါမီတာခကောက်ခံရာသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအေးကျော်၊ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးဝင်းသန်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးလွင် တို့က မီတာခလာရောက်ပေး ဆောင်သည့်ပြည်သူများသို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း     စနစ်တကျ စည်းကမ်းများ လိုက်နာနိုင်ရေးနှင့် မြို့နယ်လျှပ်စစ်မန်နေဂျာကြီးနှင့် ဝန်ထမ်းများက ရုံးဝန်းအတွင်း ပြည်သူများစနစ်တကျ မီတာခပေးဆောင်နိုင်ရန် အပေါက်ဝတွင်လက်ဆေးခြင်း၊ သတ်မှတ်ထိုင်ခုံများတွင် စနစ်တကျထိုင်စေလျှက် ပြည်သူများ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးထားလျှက်ရှိကြောင်း သိရသည်။

 

မျိုးသိန်း(ပြန်/ဆက်)