ကောလင်း ၁၉ ဧပြီ
ကမ္ဘာ့တစ်ဝန်းတွင် ဖြစ်ပေါ်လျက်ရှိသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် လိုအပ်သော အထောက်အကူပြုပစ္စည်းများကို လှူဒါန်းလျက်ရှိရာ ကောလင်းမြို့ မြို့မရပ်နေ ဦးခင်မောင်+ဒေါ်ခင်ခင်လှ မိသားစုမှ (COVID-19) ရောဂါလူနာ ရောက်ရှိလာပါက စောင့်ရှောက်ကုသမှု ပေးနိုင်ရေး (၂၅၇၀၀၀၀) ကျပ်တန်ဖိုးရှိ ဆေးရုံသုံးပစ္စည်းများဖြစ်သော အောက်ဆီဂျင်စက်(၁)လုံး၊ PPEဝတ်စုံ(၅၄) စုံ၊ အပူချိန်တိုင်းသာမိုမီတာ (၄)ခု၊ Face mack 50' (၁၀)ခု တို့ကို covied-19 ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြုကော်မတီသို့ လှူဒါန်းခဲ့ရာ ဦးရဲမြတ်သိန်းမှ လက်ခံရယူခဲ့ပြီး ကောလင်းမြို့ ကျန်းမာရေးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုအဖွဲ့သို့ (မတ်လ ၂၆ရက်နေ့မှ စတင်၍လှူဒါန်းခဲ့ရာ ဧပြီလ ၁၈ရက်နေ့အထိ ပြည်သူများမှ လှူဒါန်းထားသည့် စုစုပေါင်းအလှူငွေကျပ် (၁၆၉၀၇၀၀၀) လှူဒါန်းထားကြောင်း ရောဂါကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြုကော်မတီအဖွဲ့ ဆရာကြီး ဦးကျော်စိုးထံမှ သိရသည်။
မြင့်ထွန်းမင်း(ကောလင်း)