ဖားကန့် ၁၉ ဧပြီ

 

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ ဧပြီ ၁၈ ရက်က ဒေသန္တရအမိန့် ၄/၂၀၂၀ ထုတ်ပြန်ခဲ့ပြီး ည ၁၀ နာရီမှ နံနက် ၄ နာရီထိ ညထွက်ခြင်းမပြုရန်နှင့် လိုက်နာခြင်းမရှိပါက ဉပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း   ဖော်ပြထားသည်။

 

ကချင်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကချင်ပြည်နယ်တွင်း မြို့နယ် ၁၈ ခုရှိသည့်အနက် ခေါင်လန်ဖူး၊ နောင်မွန်း၊ ဆော့လော်နှင့် အင်ဂျန်းယန်မြို့နယ်များမှလွဲ၍ ကျန် ၁၄ မြို့နယ်တွင် ညမထွက်ရအမိန့် ထုတ်ပြန်ရန် ခွင့်ပြုခဲ့ပြီး ဖားကန့်၌ အများပြည်သူလိုက်နာရန် ညမထွက်ရ အမိန့်ပါဝင်သည့် ဒေသန္တရ အမိန့်အမှတ် ၄/၂၀၂၀ ကို ထုတ်ပြန်ခဲ့သည်။

 

ဖားကန့်မြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မတ် ၂၈ ရက်မှ ဧပြီ ၁၈ ရက်အထိ ဒေသန္တရအမိန့် ၄ ကြိမ် ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

 

တာလင်းမောင်(ပြန်/ဆက်)

 

pk1