ရေစကြို ၁၉ ဧပြီ

 

ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊​ ရေစကြို​​မြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ဧ​ပြီ ၁၉ ရက်​​ နံနက် ၁၀ နာရီက ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာ ဆောင်ရွက်ရန်များ အသိပေးနှိုးဆော်ခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

​ပြည်သူများ ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရန်အတွက် ရေစ​ကြို​မြို့နယ်၊ ပညှင်းကျေးရွာ၊ ကြီးကံကျေးရွာ၊ သက်ရွာကျေးရွာ၊ တောင်အိုကျေးရွာ၊​​ ပခန်းကြီးကျေးရွာနှင့် ဆင်ချောင်းကျေးရွာတို့တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID- 19) နှင့်ပတ်သက်၍ သိရှိလိုက်နာ ဆောင်ရွက်ရန်များကို အသံချဲ့စက်များဖြင့် အသိပေးနှိုး​ဆော်ခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

 

နွယ်နွယ်အောင် (ရေစကြို ပြန်/ဆက်)