သန်လျင် ၁၉ ဧပြီ

 

သန်လျင်အထွေထွေရောဂါကု ဆေးရုံကြီးတွင် အသုံးပြုရန်အတွက် ဧပြီ ၁၉ ရက်က မြန်မာရွှေဥဒေါင်းမင်းနှင့် မြန်မာ့နဝရတ်မြေ ဆောက်လုပ်ရေးကုမ္ပဏီမှ ကျပ်သိန်း ၁၄၀ နှင့် Biz Partner Group မှ ၁၀ သိန်း စုစုပေါင်းကျပ်သိန်း ၁၅၀ တန်ဖိုးရှိ Mobile Portable X ray (၁)လုံး ပေးအပ်လှူဒါန်းရာ ဆေးရုံအုပ်ကြီး ဒေါက်တာချိုချိုလွင်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။

 

သန်းဝင်း(သန်လျင်)