မိုင်းယောင်း ၁၉ ဧပြီ

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့်အတူ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများသည် ဧပြီ ၁၉ ရက် နံနက်ပိုင်းက ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် ထပ်လုံစေတီတော်သို့ သွားရောက်ဖူးမြော်ကြည်ညိုပြီး စေတီတော်ဘက်စုံပြုပြင်မွမ်းမံရန် အလှူငွေ ကျပ် ၁၀ သိန်း လှူဒါန်းခဲ့သည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မိုင်းယောင်းမြို့နယ်ပြည်သူ့ဆေးရုံတွင် COVID-19 ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေကျပ် ငါးသိန်းနှင့် COVID-19 ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများဖြစ်သော Mask ၁၀ ဖာ၊ Hand Gel ၁၀ ဘူး၊ Non Contact Thermometer ခြောက်ခု၊ PPE ဝတ်စုံ ၃၀ စုံ၊ မျက်မှန် ခြောက်ခု၊ Gloves ၁၀ စုံ၊ Rapid Test For COVID-19 တစ်ဖာတို့ကို ပေးအပ်ရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာဟန်စိုးနှင့် တာဝန်ရှိသူများအား လက်ခံရယူခဲ့ကြောင်း သိရသည်။

 

စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)