မန္တလေး ၁၉ ဧပြီ

 

ပင်စင်လစာထုတ်သူအများစုက အသက်အရွယ်ကြီးလို့ ရာသီဥတုပူပြင်းတဲ့ဒဏ်နဲ့ COVID-19 ကူးစက်နိုင်မှုကို ကာကွယ်တဲ့အနေနဲ့ ပင်စင်လစာတွေကို ​မြန်မာ့စီးပွားရေးဘဏ်(၁) နေရာအစား အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ၂၄ လမ်း ၈၁ လမ်းထောင့်မှာ ထုတ်ပေးဖို့ စီစဥ်ထားကြောင်း မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ၎င်း၏ ဖေ့စ်ဘွတ်စာမျက်နှာမှာ ယနေ့ဖော်ပြထားသည်။

 

ပင်စင်လစာများကို ဧပြီ ၂၁ ရက်ကနေ ၂၉ ရက်အထိ ရုံးပိတ်ရက်မပါ နေ့စဥ် နံနက် ၇ နာရီကနေ ညနေ ၃ နာရီအထိ ထုတ်ပေးသွားမှာဖြစ်ပြီး Social distancing, hand sanitizer နဲ့ ရေသန့်များပါ စီစဥ်ပေးထားကာ ယခုလမထုတ်ယူနိုင်ပါက ထုတ်ယူလိုသည့်လမှာ ပေါင်းထုတ်ပေးမယ်လို့လည်း သိရသည်။

 

မန္တလေးမြို့တော်ဝန်အနေဖြင့် ဘဏ်(၁) မန်နေဂျာနှင့် အ.ထ.က(၁) ကျောင်းအုပ်ကြီးတို့နှင့် ချိတ်ဆက်ဆောင်ရွက်ပေးခြင်းဖြစ်ပြီး မေလကစပြီး Mandalay Smart Pay ဖြင့် ပင်စင်ထုတ်ပေးနိုင်ဖို့ ကြိုးစားနေပါကြောင်း ရေးသားဖော်ပြထားသည်။

 

MDN

Credit > Ye Lwin