လူသည် တစ်ကိုယ်တည်းမနေ၊ အသိုက်အဝန်း၊ အပေါင်းအသင်း၊ အဖွဲ့အစည်းနှင့်သာ နေတတ်သော သတ္တဝါဖြစ်သည်။ လူဟူ၍ ဖြစ်လာသောအခါ အခြားလူများနှင့် ပေါင်းသင်းဆက်ဆံကြရသည်။ အတူနေထိုင်ကြရသည်။ ထိုအခါ လူတစ်ဦးအနေဖြင့် လိုက်နာ စောင့်ထိန်းအပ်သော ဝတ္တရာတို့ကို လိုက်နစောင့်ထိန်းကြရသည်။ ကျင့်ဝတ်နှင့်အညီ နေထိုင်ကြရ သည်။ သို့မှသာ လူသားဆန်သူ၊ လူပီသသူဖြစ်သည်။
လူ့ကျင့်ဝတ်က လူ အချင်းချင်း ပေါင်းသင်းဆက်ဆံကြရာတွင် အမှားနှင့်အမှန်၊ အကောင်းနှင့်အဆိုး၊ တရားနှင့် မတရားမှု စင်ကြယ်မှုနှင့် ဆိုးယုတ်မှုတို့ကို ပိုင်းခြားပေးသည်းလူ့ကျင့်ဝတ် အပေါ် မည်သူက မည်မျှလိုက်နာကျင့်သုံးသည်ကို ကြည့်ကာ လူကောင်း၊ လူဆိုးဟူ၍ သတ်မှတ်ကြသည်။ လူ့ကျင့်ဝတ်သည် ကိုယ်ချင်းစာတရားပေါ်တွင် လည်း အခြေခံထားခြင်းကြောင့် ကိုယ်ကျင့်တရားကောင်မွန်သူတစ်ဦး၏ အပြုအမူ၊ အပြောအဆို၊ သဘောထားတို့သည်လည်း ကောင်းသည့်အမူအရာ၊ နှုတ်အမူအရာ စိတ်သဘောတို့ကို ပြသကြသည်။
လူ့သမိုင်းတစ်လျှောက်တွင် ရောဂါဘေး၊ အငတ်ဘေး၊ စစ်မက်ဘေး စသည့်ဘေးဒုက္ခကပ်များ ကျရောက်ခြင်းတို့ကို လူသားတို့ တွေ့ကြုံခဲ့ကြရပြီးဖြစ်သည်။ လူ့ အသိုက်အဝန်းကြီး တစ်ခုလုံးအပေါ် ထိခိုက်မှုကြီးမားသည့် ကပ်ဘေးများကျရောက် ရခြင်းတွင် မူလလက်သည်တရားခံမှာ လူသားတို့ပင်ဖြစ်သည်။ လူ့လောကတွင် ဒေါသတရားတို့ ဖုံးလွှမ်းလာသောအခါ သတ္တန္တရ ကပ်ခေါ် စစ်မက်ဘေးကြီးများ ကျရောက်လာတတ်ပြီး၊ လူ့လောက တွင် လေဆာတရားတို့ ဖုံးလွှမ်းလာသောအခါ ဒုဋိက္ခန္တရကပ်ခေါ် အတ်ဆားတို့ ကျရောက်လာတတ်သည်။ လူ့လောကတွင် မောဟ တရားတို့ ဖုံးလွှမ်းလာသောအခါတွင်မူ ရောဂန္တရကပ်ခေါ် အနရောဂါဘေးတို့ ကျရောက်လထာတ်သည်ဟု ဗုဒ္ဓဘာသာဝင် တို့က ယုံကြည်ကြသည်။ ယင်းသို့ ကပ်ဘေးများ ကျရောက်နေချိန် မှာပင် လူများအကြား လူ့ကျင့်ဝတ်များ အကြီးအကျယ်ပျက်ပြားမှု တို့ကို တွေ့မြင်ကြရသလို လူပီသမှုနှင့် လူ၏ ကြီးကျယ်မြင့်မြတ်မှု တို့ကို ထင်ထင်ရှားရှား တွေ့မြင်ကြရသည်လည်း ရှိသည်။ ဥပမာ အဖြင့် သတ္တန္တရကပ်ဖြစ်သည့် ပထမ ကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာ စစ်ကာလများအတွင်း လူတို့၏ အပြုအမူများသည် လူ့သမိုင်း တစ်လျှောက် ကိုယ်ကျင့်တရား ပျက်ပြားဆုံးဖြစ်ခဲ့ပြီး လူသည် သားရိုင်းတိရစ္ဆာန်များထက်ပင် ရက်စက်ကြမ်းကြုတ်ကြောင်း၊ ယုတ်မာညစ်ညမ်းကြောင်း သာဓကများစွာ မှတ်တမ်းများစွာ ရှိခဲ့သည်။ ယောက်ျား၊ မိန်းမ၊ ကလေး စသည့် လူ့အသက်သန်းပေါင်း များစွာသတ်ဖြတ်ခံခဲ့ရပြီး သေကျေပျက်စီးခဲ့ရာ လူတို့၏ဘဝတန်ဖိုး အမှားအမှန်နှင့် ပတ်သက်သည့်စံနှုန်း စသည်တို့မှာ လုံးဝ ကပြောင်းကပြန်ဖြစ်ခဲ့ရသည်။
ယခုအခါတွင်မူ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါနှင့် ကမ္ဘာ့လူသား တို့ ရင်ဆိုင်နေကြရချိန်ဖြစ်ရာ ဒေါသဖုံးလွှမ်းမှုကြောင့် ဖြစ်ပေါ်လာ ရသည့် စစ်မက်ကပ်ဘေးကဲ့သို့ ပြင်းထန်သည် မဟုတ်သော်လည်း အသက်အန္တရာယ်ရှိမှုနှင့်အတူ အထူးဂရုပြုကာ ရှောင်ရှားကြရမည့် အခါကာလပင်ဖြစ်သည်။ ရောကန္တရကပ်ဘေးနှင့် ရင်ဆိုင်ကြုံတွေ့နေ ရချိန်တွင် ကိုယ်ကျိုးရှာသူများ၊ အမြတ်ထုတ်သူများ၊ တစ်ကိုယ်ကောင်းဆန်သူများ၊ ပွဲလှန့်သူများ စသည်ဖြင့် ကိုယ်ကျင့်တရား ခေါင်းပါသူ၊ ကိုယ်ကျင့်တရား ပျက်ပြားသူများကိုတွေ့မြင်ကြရသလို ခွင့်လွှတ်သည်းခံခြင်း၊ စွန့်လွှတ်အနစ်နာခံခြင်း၊ ကိုယ့်အကျိုးထက် အများအကျိုးကို ဦးစားပေးခြင်း စသည့်မွန်မြတ်သော နှလုံးသား ဖြင့် ကိုယ်ကျင့်တရားမြင့်မားသူများကိုလည်း မိမိတို့တွေ့မြင် ကြရသည်။
ကပ်ဟူသော အနက်အဓိပ္ပာယ်တွင် အချိန်ပိုင်း၊ အချိန် အတိုင်း အတာတစ်ခုဟူ၍လည်းကောင်း၊ သတ္တဝါတို့၏ ကံအားလျော်စွာ စီရင်ခြင်းဟူ၍လည်းကောင်း ဖွင့်ဆိုထားရာ မည်သည့်ကပ်ဘေးမဆို အချိန်အတိုင်းအတာတစ်ရပ်တွင် ပြီးဆုံးသွားမည်သာ ဖြစ်သည်။ မေတ္တာ၊ ကရုဏာတရားတို့ဖြင့် ရေးထိုးအပ်သော မွန်မြတ်သူတို့၏ သမိုင်းမှတ်တမ်းမှာ ထာဝရတည်တံ့ည်သာဖြစ်သည်ဟု ယုံကြည် ပါကြောင်း။ ။
မြန်မာ့အလင်း