ဂန့်ဂေါ ၂၀ ဧပြီ
ဂန့်ဂေါခရိုင်မီးသတ်ဌာနဦးစီးဌာနမှူး ဦးသန်းထက်အောင်နှင့် ဝန်ထမ်းများသည် မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများ၊ မြို့ပေါ်ရှိလမ်းများနှင့် ဌာနဆိုင်ရာရုံးများသို့ ကိုဗစ်-၁၉ ရောဂါမဖြစ်ပွား စေရေး ကြိုတင်ကာကွယ်ရေး ပိုးသတ်ဆေးဖျန်းလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လျက် ရှိသည်။
အဆိုပါ လုပ်ငန်းအတွက် အားကစားနှင့်ကာယပညာဦးစီးဌာနမှူး ဦးဇော်ဝင်းကိုက ၁၄၀ဝ၀ ကျပ် တန်ဖိုးရှိ ပိုးသတ်ဆေးဖျန်းဘူး နှစ်ဘူးကို ယမန်နေ့ နံနက် ၁၁ နာရီက မြို့ခင်သာကျောင်းတိုက်၌ လှူဒါန်းရာ ခရိုင်မီးသတ်ဦးစီးဌာနမှူး ဦးသန်းထက်အောင်နှင့် ကိုဗစ်-၁၉ ကော်မတီအဖွဲ့ဝင် ဦးအောင်စိုးမင်းတို့က လက်ခံရယူ၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း သိရသည်။
ဂန့်ဂေါမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပိုးသတ်ဆေးဖျန်းလုပ်ငန်းအတွက် အလှူဒါနပြုလုပ်လိုပါက ခရိုင်မီးသတ်ဦးစီးဌာနမှူး ဦးသန်းထက်အောင် ဖုန်း - ဝ၉၄၂၀၄၂၀၁၉၁ နှင့် ပရဟိတ လုပ်ကိုင်ဆောင်ရွက်နေသူ ဦးအောင်စိုးမင်း ဖုန်း - ဝ၉၄၅၅၅၅၁၁၈၅ တို့ထံ ဆက်သွယ်လှူဒါန်း နိုင်ကြောင်း သိရသည်။
ထင်အောင်နိုင်(ပြန်ဆက်)