မယ်စဲ့      ၂၀   ဧပြီ    

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်၊ နမ့်မန်းကျေးရွာ၌ ယမန်နေ့ညနေ ၄ နာရီ ၁၅ မိနစ်ခန့်က လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်တစ်လုံးနှင့် ကြက်သွန်ဖြူဂိုဒေါင်တစ်လုံး အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။

လေပြင်းတိုက်ခတ်မှုကြောင့် နမ့်မန်းကျေးရွာနေ ဦးကျော်သန်း၏ နေအိမ်ဝရန်တာ အမိုးလန်ပျက်စီးခြင်းနှင့် ဦးညေးရယ်၏ ကြက်သွန်ဖြူဂိုဒေါင်တစ်လုံး အမိုးလန်ပျက်စီးခြင်းတို့ ဖြစ်ပေါ်ခဲ့ပြီး လူနှင့်တိရစ္ဆာန် ထိခိုက်ဆုံးရှုံးမှုမရှိကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)