မောက်မယ် ၂၀ ဧပြီ
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ COVID-19 ကူးစက်ရောဂါကာလတွင် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများ၌ ဘုန်းတော်ကြီးကျောင်းများတွင် ဆွမ်း၊ ကွမ်း၊ ခဲဖွယ်များ ပြတ်လပ်မှု မရှိစေရေးအတွက် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ် ထိန်းချုပ်၊ ကုသရေး မြို့နယ်အဆင့် ကော်မတီဉက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဉီးဟန်သူရ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဉီးစိုင်းငေါင်းဆိုင်ဟိန်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (မဲဆန္ဒနယ် အမှတ်-၁) ဒေါ်နန်းဖွေးဟွမ်ဉီး၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် (မဲဆန္ဒနယ် အမှတ်-၂) ဦးခွန်ဟန်သိန်းဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးကြည်၊ မြို့နယ်ကျန်းမာရေးဉီးစီးဌာနမှူး၊ မြို့နယ် လ.ဝ.က ဉီးစီးမှူး၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဉက္ကဌ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ နှင့် မြို့နယ်အတွင်းရှိ စေတနာရှင် အလှူရှင်များက ဟိုလွိုင် ကျေးရွာအုပ်စုရှိ ကုန်းမတ်လမ်း ဘုန်းတော်ကြီးကျောင်း၊ ပန်းတန်ကျေးရွာအုပ်စုရှိ နားတောင်ဘုန်းတော်ကြီးကျောင်း၊ ဟိုနမ့်အုပ်စုရှိ ထီတခေါ့ဘုန်းတော်ကြီးကျောင်းနှင့် အရှေ့ဉယာစန်း ဘုန်းတော်ကြီး ကျောင်းတို့တွင် ဆန်၊ ဆီ၊ ဆား၊ အာလူး၊ ကြက်သွန်၊ ပဲပုတ်၊ ကြက်ဉနှင့် ကြာဇံ စသည်တို့ကို ယမန်နေ့ နံနက်ပိုင်းတွင် သွားရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)