စေတုတ္တရာ     ၂၀     ဧပြီ      
                
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမဖြစ်ပွားစေရေးအတွက် ရောဂါကြိုတင်ကာကွယ်သည့်အနေဖြင့် မြို့နယ်လျှပ်စစ်ရုံးတွင် လျှပ်စစ်မီတာခများအား စနစ်တကျကောက်ခံပေးသွင်းလျက်ရှိကြောင်း  သိရသည်။

စေတုတ္တရာမြို့နယ် လျှပ်စစ်ရုံးမှ ပြည်သူများလျှပ်စစ်မီတာခများ ပေးချေရာ၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ရေးနည်းလမ်းများအနေဖြင့် ရုံးရှေ့တွင် ပြည်သူများစနစ်တကျလက်ဆေးနိုင်ရေးပြင်ဆင်ဆောင်ရွက်ထားခြင်း၊ မီတာခပေးသွင်းသည့် နေရာများအား (၃)ပေကွာသတ်မှတ်ပေးထားပြီး ပြည်သူများအနေဖြင့် သတ်မှတ်နေရာများမှသာ အလှည့်ကျ ပေးဆောင်စေခြင်းများဖြင့် စည်းကမ်းများသတ်မှတ်၍ ကောက်ခံပေးလျက်ရှိရာ ပြည်သူများမှ မြို့နယ်လျှပ်စစ်ရုံး၏သတ်မှတ်ပေးထားသော စည်းကမ်းများကို လိုက်နာပြီး လျှပ်စစ်မီတာခများအား စနစ်တကျပေးဆောင်လျက်ရှိကြောင်း သိရသည်။

ခင်သန်းလှိုင်(ပြန်/ဆက်)