ထီးလင်း     ၂၀     ဧပြီ    

လတ်တလောဖြစ်ပွားနေသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ဂန့်ဂေါခရိုင် ထီးလင်းမြို့တွင်         ဧပြီ ၁၉ ရက် ညနေ ၄ နာရီက ထီးလင်းမြို့ မြန်မာ့စီးပွားရေးဘဏ်ရုံးရှေ့ ဗိုလ်ချုပ်လမ်းမကြီး နေရာ၌ ခရီးသွားပြည်သူများနှင့် ရပ်ကွက်နေ လမ်းသွား လမ်းလာ ပြည်သူများအား နှာခေါင်းစည်း(Mask)များ အခမဲ့ ဝေငှတပ်ဆင်ပေးခဲ့ကြကြောင်း သိရသည်။

ယင်းသို့ ဝေငှတပ်ဆင်ပေးရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိဒ္ဓိ၊ ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲမင်းထွန်း၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခက်ခက်အောင်၊ မြို့နယ်အဆင့် ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်စစ်ဆေးကုသရေး ကော်မတီဝင် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့တို့က ခရီးသွား ပြည်သူများနှင့် ရပ်ကွက်နေ လမ်းသွားလမ်းလာ ပြည်သူများအား နှာခေါင်းစည်း(Mask)များ အခမဲ့ ဝေငှတပ်ဆင်ပေးကြပြီး အပြင်ထွက်သည့်အခါတိုင်း နှာခေါင်းစည်း(Mask)များ တပ်ဆင်ရေး၊ မလိုအပ်ဘဲ အပြင်သို့ ထွက်ခွာခြင်း မပြုကြရေး၊ အပြင်ထွက်သည့်အခါ မိမိတို့၏ ရင်သွေးငယ် ကလေးသူငယ်များအား လိုက်ပါခေါ်ဆောင်ခြင်း မပြုကြစေရေး စသည်တို့ကို အသိပညာပေး စည်းရုံးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အောင်စည်(ပြန်/ဆက်)