ရန်ကုန် ၂၀ ဧပြီ
ကိုဗစ်-၁၉ ရောဂါမှကာကွယ်နိုင်စေရန်အတွက် လမ်းမတော်မြို့နယ်အတွင်းရှိ ပြည်သူများသို့ မီတာ ဘေလ် ပေးဆောင်ခြင်းနှင့် ပတ်သက်၍ အသိပေးကြေညာခြင်းအား ယနေ့ နံနက်ပိုင်းက လမ်းမတော်မြို့နယ် လျှပ်စစ်မီတာ ရုံးရှေ့၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပေးကြေညာချက်တွင် မီတာဘေလ် ပေးဆောင်ခြင်းကြောင့် လူစုလူဝေးများဖြစ် ပေါ်လာနိုင်သဖြင့် ရောဂါကူးစက်မှု အန္တရာယ်မှ ကင်းဝေးစေရန် မီတာဘေလ် ပေးဆောင်ရမည့် နောက်ဆုံးရက် ကျော်လွန်ပါက ဓာတ်အားဖြတ်တောက်မှု ပြုလုပ်မည် မဟုတ်ကြောင်း၊ ရက်လွန်ဒဏ်ကြေးအား ယခု(၁)လအတွင်း ပေးဆောင်ရန် မလိုအပ်ခြင်းနှင့် မီတာဘေလ် ပေးဆောင်ခြင်းအား လမကုန်မီရက်အတွင်း လူရှင်းသည့် အချိန်၌ လာရောက်ပေးဆောင်ခြင်းဖြင့် ကူညီပေးကြပါရန် စသည်ဖြင့် အသိပေးကြေညာခဲ့ကြောင်း သိရသည်။
ကျော်ဆန်းမြင့်