မိုင်းယောင်း   ၂၀   ဧပြီ 

မိဘပင်စင်စားများ ပင်စင်လစာငွေ လာရောက်ထုတ်ယူသည့်အခါ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအန္တရာယ်ကင်းရှင်းစေရန်အတွက် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် မြန်မာ့စီးပွားဘဏ်၌ ပိုးသတ်ဆေးဖျန်းခြင်းကို ဧပြီ ၂၀ ရက် နံနက် ၇ နာရီက ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

a

 

ထိုသို့ဆောင်ရွက်နေမှုများကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး ဘဏ်မန်နေဂျာ ဦးမောင်ဇင်က လက်ဆေးဘေစင်များ၊ လက်သန့်ဆေးရည်များ၊ နှာခေါင်းစည်းများ၊ သတ်မှတ်နေရာများ ဆောင်ရွက်ထားရှိမှုအခြေအနေကို ရှင်းလင်းတင်ပြရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းက လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

မိုင်းယောင်းမြို့နယ် မိဘပင်စင်စားများ Coronavirus Disease 2019(COVID-19) ကူးစက်ရောဂါအား ကာကွယ်နိုင်ရေးအတွက် မိမိတို့၏ ပင်စင်လစာငွေများကို လစဉ် ၂၁ ရက်နှင့် ၂၁ ရက်နောက်ပိုင်း ဘဏ်ဖွင့်သည့် ရက်များတွင်လည်း လာရောက်ထုတ်ယူနိုင်ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)