ဆော ၂၀ ဧပြီ
ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့ခြင်းမှ ကာကွယ်ထိန်းချုပ်နိုင်ရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ထပ်မံ၍ ရက်တိုးမြှင့်သတ်မှတ် ထုတ်ပြန်ထားသည့် ပြည်သူများသို့ ထုတ်ပြန်ကြေညာသည့် ပန်ကြားချက်များနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည့် အမိန့်ကြေညာစာအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာနိုင်စေရန်အတွက် ဧပြီ ၁၉ ရက် ညနေ ၄ နာရီက ရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့် လှည့်လည်အသိပညာပေး ကြော်ငြာခြင်းကို ဆောင်ရွက်ခဲ့ကြသည်။
ကိုဗစ်-၁၉ ရောဂါသည် အများပြည်သူတို့၏ အကျိုးစီးပွားနှင့် အသက်အန္တရာယ်ထိခိုက်မှုမှ ကာကွယ်ရန်အတွက် အဆိုပါထုတ်ပြန်ကြေညာချက်များနှင့် အမိန့်ကြော်ငြာစာအား ဆောမြို့နယ်အတွင်းရှိ ရပ်ကွက်များအလိုက် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများ၏ ကြီးကြပ်မှုများဖြင့် လိုက်လံအသိပေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဇော်မျိုးသန့်(ဆော)