ပုဗ္ဗသီရိ ၂၀ ဧပြီ
ပူပြင်းခြောက်သွေ့သောနွေရာသီတွင် သောက်သုံးရေအခက်ကြုံနေသော ကျေရွာများအား သောက်သုံးရေရရှိစေရန်အတွက် နယ်စပ်ရေးရာဝန်ကြီးဌာနမှ သောက်သုံးရေများလှူဒါန်းပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဖြုတ်ခွဲကျေးရွာအုပ်စု၊ စက်ကုန်းကျေးရွာ၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့လှူဒါန်းရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဦးစီးမှူး ဦးမျိုးမင်းဇော်ဦးနှင့်တာဝန်ရှိသူတို့က ရေဂါလန် ၄၀ဝ၀ ကို စက်ကုန်းကျေးရွာရှိ သောက်သုံးရေအခက်ကြုံနေသော ပြည်သူများအား အိမ်ထောင်စုအလိုက် သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် ရေသယ်ယာဉ်များဖြင့် သယ်ဆောင်၍ စနစ်တကျခွဲဝေလှူဒါန်းပေးခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)


