မကွေး   ၂၀   ဧပြီ

 

မကွေးမြို့ ရန်ကင်းဈေးနှင့် ဆုံမကျီးပင် အဝိုင်း(တောင်းတွင်းလမ်းအထွက်)နေရာများတွင် လမ်းသွားလမ်းလာပြည်သူများအား ယနေ့ ဧပြီ ၂၀ ရက်နေ့ မနက်ပိုင်းက mask အခု ရေ နှစ်ထောင်ကျော် မျှဝေပြီး mask Campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ campaign ၌ မကွေးမြို့မှပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၊ တိုင်းလွှတ်တော်ကိုယ်စားလှယ်များ၊ ပရဟိတအသင်းအဖွဲ့များ၊ အောင်မင်္ဂလာ၊ အောင်ချမ်းသာရပ်ကွက်များမှ အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးအဖွဲ့ဝင်များ ပူးပေါင်းပါဝင်ခဲ့သည်။

 

မကွေးဒေသ ကပ်ရောဂါကာကွယ်ရေးအတွက် တက်ကြွလှုပ်ရှားသူများ၊ အသင်းအဖွဲ့များ စုစည်းကာ ဧပြီ ၁၉ ရက်နေ့ကလည်း ဗိုလ်ချုပ်လမ်းဆုံ၌ mask Campaign တစ်ခုကို လုပ်ဆောင်ခဲ့ကြောင်း မကွေးမြို့နယ် စာရေးဆရာအသင်း အတွင်းရေးမှူး ဒေါ်ကြူကြူခိုင် ထံမှ သိရသည်။

 

ဇေယျတု(မကွေး)