နေပြည်တော် ၂၀ ဧပြီ

 

၁။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ၏ (၂၀-၄-၂၀၂၀) ရက်နေ့၊ (ဒုတိယအသုတ်) စစ်ဆေးခဲ့သော ဓာတ်ခွဲနမူနာ (၂၄၆) ခုအနက် (၂) ဦး၏ ဓာတ်ခွဲနမူနာတွင် COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ပြီး ကျန် (၂၄၄) ဦးတွင် COVID-19 ရောဂါပိုးမတွေ့ရှိ (မတွေ့ရှိ) ပါ။

 

၂။ အဆိုပါ လူနာသစ် (၂) ဦးကို သက်ဆိုင်ရာဆေးရုံများသို့ လွှဲပြောင်း၍ သီးခြားထားရှိကုသမှု ပေးသွားမည် ဖြစ်ပါသည်။

 

၃။ (၂၀-၄-၂၀၂၀) ရက်နေ့၊ COVID-19 ရောဂါအတွက် (ပထမအသုတ် + ဒုတိယအသုတ်) ဓာတ်ခွဲစစ်ဆေးမှုတွင် တွေ့ရှိခဲ့သော လူနာသစ် စုစုပေါင်း (၈) ဦးရှိပါသည်။ ကျန် (၄၁၉) ဦး၏ ဓာတ်ခွဲနမူနာများတွင် ရောဂါပိုးမတွေ့ရှိပါ။

 

၄။ (၂၀-၄-၂၀၂၀) ရက်နေ့၊ ည (၁၁:၀၀)နာရီ အချိန်အထိ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၁၉) ဦးရှိပြီဖြစ်ပါသည်။

 

၅။ ယနေ့ည ထပ်မံထုတ်ပြန်ရန် ဓာတ်ခွဲအဖြေသတင်းများ မရှိတော့ပါ။

 

Crd>ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
 

234