ကျောင်းကုန်း ၂၁  ဧပြီ

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကျောင်းကုန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် လာရောက် ပင်စင်ထုတ်ယူကြမည့် ပင်စင်စားမိဘပြည်သူများအား ယနေ့ နံနက် ၇ နာရီမှ စတင်ကာ မိုးလုံလေလုံ အားကစားခန်းမ၌ ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

 

253

 

လတ်တလော ဖြစ်ပွားလျက်ရှိသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကိုရိုနာ ဗိုင်းရပ်စ် ကိုဗစ်-၁၉ ရောဂါဆိုးကြီး ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် လူစုလူဝေးမဖြစ်ပေါ်စေရန် ယခုကဲ့သို့ ပြောင်းရွှေ့ ထုတ်ပေးခြင်းဖြစ်ကြောင်း မြို့မိမြို့ဖ ဦးဝင်းဝင်းထွန်းက ပြောသည်။

 

ကျောင်းကုန်းမြို့နယ်တွင် ပင်စင်လစာများကို ယနေ့မှစ၍ ဧပြီ ၂၉ ရက်နေ့အထိ ဆက်လက်ထုတ်ပေး သွားမည်ဖြစ်ပြီး Free Rider ဆိုင်ကယ်ချစ်သူများအဖွဲ့မှ နှာခေါင်းစည်း(mask)များ ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

 

ဝင်းကြိုင်(ပြန်/ဆက်)