သုံးခွ ၂၁ ဧပြီ
ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်အတွင်းရှိ ပြည်သူများ မီတာဘေလ်ပေးဆောင်ရာတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း မြို့နယ်လျှပ်စစ်မီတာရုံးမှ လူစုလူဝေးများ မဖြစ်ပေါ်စေရေး အတွက် လာရောက်မီတာဘေလ် ပေးဆောင်သော ပြည်သူများအား လျှပ်စစ်မီတာဘေလ် ပေးဆောင် ရမည့် နေ့ရက်များနှင့် အသိပညာပေး ကြေငြာစာကပ်ထားပေးခြင်း၊ တုန်ကင်စနစ်ဖြင့် အလှည့်ကျ ပေးဆောင်စေခြင်း၊ ပေးဆောင်ရာတွင် တစ်ဉီးနှင့် တစ်ဦး(၃) ပေကွာ မှပေးဆောင်နိုင်ရန် စီစဉ်ထားရှိ ပေးထားခြင်းနှင့် လက်ဆေးဘေစင်များထားရှိ ပေးထားခြင်းကို ဧပြီလ ၂၀ ရက်နေ့မှစတင်၍ မြို့နယ် လျှပ်စစ်ရုံးတွင် ဆောင်ရွက်ထားရှိပေးထားကြောင်း သိရသည်။

အဆိုပါ မီတာဘေလ်ပေးဆောင်ခြင်းကို ဧပြီလ (၂၀) ရက်နေ့မှ (၃၀) ရက်နေ့အထိ နေ့စဉ် နံနက်(၈) နာရီမှ ညနေ(၄) နာရီအထိ ဖွင့်လှစ်ပေးမည့်ဖြစ်ကြောင်း၊ မီတာဘေလ်ပေးဆောင်ရာတွင် (ရက်လွန်ဒဏ်ကြေး)များ ပေးဆောင်ရန် မလိုကြောင်းနှင့် ဓာတ်အားဖြတ်ခြင်းများလည်း ပြုလုပ်သွားမည် မဟုတ်ကြောင်းကို မြို့နယ်လျှပ်စစ်ရုံးမန်နေဂျာ ဦးထက်နိုင်ထံမှ သိရှိရပါသည်။
စည်သူလင်း ပြန်/ဆက်