လွိုင်ကော်    ၂၁   ဧပြီ 

 

ပြည်နယ်အတွင်း Coronavirus Disease 2019 (ကိုဗစ်-၁၉) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်အတွက် ပြည်နယ်အဆင့် Coronavirus Disease 2019 (ကိုဗစ်-၁၉) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၂/၂၀၂၀)အား ယမန်နေ့ မွန်းလွဲ (၂)နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

 

31

 

ရှေးဦးစွာပြည်နယ်အဆင့် Coronavirus Disease 2019 (ကိုဗစ်-၁၉) ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားပြီး သက်ဆိုင်ရာ ခရိုင်/ မြို့နယ်/ မြို့အုပ်ချုပ်ရေးမှူးများမှ ကိုဗစ်-၁၉  ရောဂါထိန်းချုပ် ကာကွယ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ အခက်အခဲများ၊ လိုအပ်ချက်များနှင့် ဆောင်ရွက်ချက်များ ကို အသီးသီးတင်ပြကြရာ ပြည်နယ်ကော်မတီ ဥက္ကဋ္ဌနှင့် ကော်မတီဝင်များမှ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရသည်။

 

အစည်းအဝေးသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ လမ်းပန်း ဆက်သွယ် ရေးနှင့်လျှပ်စစ်ဝန်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းမြစ် ဝန်ကြီးဌာန ဝန်ကြီး၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူး၊ လွိုင်ကော်ပြည်သူ့ဆေးရုံအုပ်ကြီး၊ ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးများနှင့် မြို့အုပ်ချုပ်ရေးမှူးများမှ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

 

ထွန်းလေး (ပြန်/ဆက်)