လောက်ကိုင်  ၂၁  ဧပြီ       

                        

လောက်ကိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကင်းဝေးစေရေး ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက တရုတ်နိုင်ငံမှ နေရပ်ပြန်လာသူများ ထားရှိသည့် သီးသန့်ထား စောင့်ကြည့်ရေးစခန်းများ၌ ပိုးသတ်ဆေးများ လိုက်လံပက်ဖျန်းပေးခဲ့သည်။

 

1109

 

ယင်းသို့ ပက်ဖျန်းပေးရာတွင် ကျန်းမာရေး ဝန်ထမ်းများ ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ ၊ မြို့နယ် မီးသတ် တပ်ဖွဲ့ဝင်များနှင့် ပရဟိတအဖွဲ့များက ကိုဗစ်-၁၉ ရောဂါ ကင်းဝေးစေရေး ၊ကာကွယ်ရေးနှင့် ကူးစက်ပျံ့နှံ့မှု အန္တရာယ်မှ ကင်းဝေးစေရန် သီသန့်ထားစောင့်ကြည့်ရေးစခန်း( ၆) နေရာသို့ လိုက်လံပက်ဖျန်းပေးခဲ့ကြောင်း သိရသည်။

 

ဇော်ဇော်အောင်(ပြန်/ဆက်)