တောင်ကြီး ၂၁ ဧပြီ
ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီမှတစ်ဆင့် မြန်မာနိုင်ငံ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တိုက်နယ်ဆေးရုံများ၊ ကျေးလက်ဆေးပေးခန်းများနှင့် ကျန်းမာရေး စောင့်ကြည့်စခန်းများအရောက် နေ့စဉ်လှူဒါန်းလျက်ရှိရာ ဧပြီလ ၂၀ ရက်နေ့တွင် ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းတုံမြို့အတွက် PPE Medical ၂ စုံ PPE Normal ၁၀ စုံ ၊ Hand Gel 180 ml ၅၀လုံး ၊ လက်သန့်ဆေးရည် 20L ၂ လုံး၊ မျက်မှန် ၅ လက်၊ Mask ၅၀ဝ ခု၊ Thermometer ၁ ခု၊ ကြက်ဉအလုံး ၅၀ဝ ကိုလည်းကောင်း၊ တောင်ကြီးခရိုင်အတွင်းရှိ ကလောမြို့နယ်၊ ရွာငံမြို့နယ်နှင့် ဖယ်ခုံမြို့နယ် ကယန်းကျေးရွာနှင့် ပင်လုံမြို့နယ်အတွက် ကြက်ဥအလုံး ၁၂၀ဝ၀ ကိုလည်းကောင်း၊ မေတ္တာရှင် Quarantine စခန်းနှင့် စမ်းလပမာမိဘမေတ္တာ ပရဟိတဂေဟာအတွက် နှင့် အခြား ထောက်ပံ့ ပစ္စည်းများနှင့် အေးသာယာအခြေခံအကျဆုံး ရပ်ကွက်အတွင်းရှိ အိမ်ထောင်စု ၂၀ဝ အတွက် ကြက်ဥအလုံး ၂၀ဝ၀ ကိုလည်းကောင်း၊ ဥတ္တရာရုံကျောင်းတိုက်၊ ကံဉီးကျောင်းတိုက်၊ မြို့ဦး ကျောင်းတိုက်နှင့် မင်းကွန်းကျောင်းတိုက်များသို့ ကြက်ဥအလုံး ၂၁၀ဝ လုံးကိုလည်းကောင်း၊ သနပ်ခါးကျေးရွာ၊ နောင်ကားကျေးရွာ၊ ဥမင်ကျေးရွာနှင့် နမ့်စန်မြို့၊ တောင်လေးလုံး စစ်ဆေးရေးဂိတ် နှင့် ဒက္ခိဏာရာမကျောင်းတိုက် ရွှေညောင်မြို့များ အတွက် HandGel၊ ကြက်ဥနှင့် ကာကွယ်-ထောက်ပံ့ရေးပစ္စည်းများကိုလည်းကောင်း ပေးအပ်လှူဒါန်းခဲ့သည်။
ထို့ပြင် ဧပြီလ ၂၁ ရက် က ထောက်ပံ့ရေးအဖွဲ့များမရောက်သေးသည့် မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ ဆင်သေကန်ကျေးရွာ၊ ချောက်မြို့နယ်၊ မင်းဘူးမြို့နယ် ပဒန်းကျေးရွာနှင့် ဆင်မတောင် မြို့အတွက် PPE Normal ၄၀ စုံ ၊ Hand Gel 180 ml ၂၀ဝလုံး ၊ လက်သန့်ဆေးရည် 20L ၁၆ လုံး၊ မျက်မှန် ၄၀ လက်၊ Mask ၄၀ဝ၀ ခု၊ Thermometer ၁၂ ခု၊ Coffeemix ၇၆၀ ထုပ် ကိုလည်း ပေးအပ်လှူဒါန်းခဲ့ပါသည်။
ရှမ်းပြည်နယ်ပြည်သူလူထုစားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီသည် စေတနာရှင် အလှူရှင် များလာရောက် လှူဒါန်းသော စားနပ်ရိက္ခာနှင့် ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများကို လိုအပ်လျက် ရှိသော ပြည်နယ်အတွင်း ခရိုင်/မြို့နယ်အသီးသီးသို့လည်း ပေးအပ်လှူဒါန်းနိုင်ရန်စီစဉ် ဆောင်ရွက် ပေးလျက်ရှိပြီး ကော်မတီသို့ စေတနာရှင်များမှ နေ့စဉ်လာရောက်လှူဒါန်းလျှက်ရှိရာ ဧပြီလ ၂၁ ရက်နေ့တွင် ဦးခင်မောင်ဝင်း-ဒေါ်သူဇာထွန်းမိသားစုမှ အလှူငွေကျပ် (၃) သိန်းကို လည်းကောင်း၊ ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်းဆရာ ဆရာမများမှ အလှူငွေကျပ် (၂) သိန်းကို လည်းကောင်း၊ မနန်းခမ်းအူမှ ငွေကျပ်(၁)သိန်းကိုလည်းကောင်း၊ ဒေါ်ခင်ညိုမိသားစုမှ PPE Normal ၅ စုံ ကိုလည်းကောင်း၊ ရွှေပဲစားသုံးဆီကုမ္ပဏီမှ ရွှေပဲဆီ ၅၀ ကျပ်သား ဘူး ၁၀ဝ၀ တို့ကို လည်းကောင်း အသီးသီးလာရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အေးအေးစိုး (ပြန်/ဆက်)