ဟိုပုံး ၂၂ ဧပြီ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ အမှတ်(၁၂၁)နှင့် ရန်ကုန်-ဟဲဟိုး လေယာဉ်ခရီးစဉ် အတူစီးနင်းခဲ့သူတစ်ဦးကို Home Quarantine ဆောင်ရွက်ထားရှိကြောင်း သိရသည်။
အဆိုပါ မြို့ဦးရပ်ကွက်၊ နယ်မြေ(၂)မှ အသက်(၂၃) နှစ်အရွယ် အမျိုးသမီးတစ်ဦးကို ယနေ့ နံနက်ပိုင်းတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာ၊မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက သွားရောက် စစ်ဆေးခဲ့ပြီး ၎င်းတို့နေအိမ်အား ကျန်းမာရေးစောင့်ရှောက်မှုများ၊ နေအိမ်နှင့်ပတ်ဝန်းကျင်တွင် ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများစဉ်ဆက်မပြတ် စောင့်ကြပ်ကြည့်ရှုမှုများ ဆောင်ရွက်ထားကြောင်း သိရသည်။
မိသားစုဝင်များကိုလည်း Home Quarantine ထားရှိပြီး လိုအပ်သော ကျန်းမာရေး စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ဆောင်ရွက်ထားပြီး ကျန်းမာရေးစစ်ဆေးချက် အဖြေများကိုလည်း အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်အသိပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
နေမင်းထွန်း(ဟိုပုံး)


