ရွှေဘို  ၂၂    ဧပြီ

 

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့တွင် ကိုဗစ် -၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ခရိုင်၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များနှင့် နယ်မြေခံတပ်မတော်သားများ ပူးပေါင်း၍ ရွှေဘိုမြို့ပေါ်ရှိ ဘုရားစေတီ၊ ဘုန်းကြီးကျောင်းများ၊ အများပြည်သူနှင့်သက်ဆိုင်သည့် နေရာများအား ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ရွှေဘိုခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးမြင့် ဦးဆောင်သော ခရိုင်၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များသည် ရွှေဘိုမြို့ အမှတ် (၄၂) ခြေလျင်တပ်ရင်းမှ တပ်မတော်သားများနှင့် ပူးပေါင်း၍ ဧပြီ ၂၂ ရက် နံနက် ၈ နာရီက ရွှေဘိုမြို့ အမှတ် (၁) ရပ်ကွက်အတွင်းရှိ ဘိုမောင်ဘုန်းကြီးကျောင်း၊ နန်းကျောင်းစေတီ သို့သွားရောက်၍ ပိုးသတ်ဆေးဖျန်းခြင်း၊ သံဃာတော်များအား ကိုယ်အပူချိန်တိုင်းခြင်း၊ သွေးပေါင်ချိန်ခြင်းနှင့် အားဆေးလှူဒါန်းခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အလားတူ ဧပြီ ၂၂ ရက် နံနက် ၁၀ နာရီက  ခရိုင်၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များသည် ရွှေဘိုမြို့ အမှတ် (၃) ရပ်ကွက် ဘိုကုန်းရပ်၌ ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်း ပိုးသတ်ဆေးဖျန်းခြင်း ဆောင်ရွက်ခဲ့သည်။

 

မိုးသောက်(ရွှေဘို)