ရန်ကုန် ၂၂ ဧပြီ

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် အလှူငွေနှင့် ပစ္စည်းများ လာရောက်လှူဒါန်းခြင်းကို ဧပြီ ၂၁ ရက် မွန်းလွဲ ၁ နာရီက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ ၂ တွင် ပြုလုပ်ရာ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်ခဲ့သည်။

 

ယခုလှူဒါန်းသည့် ကာကွယ်ရေးပစ္စည်းများကို တိုင်းကျန်းမာရေးဦးစီးဌာနမှတစ်ဆင့် လိုအပ်လျက်ရှိသည့် နေရာများသို့ ပေးပို့သွားမည်ဖြစ်ကြောင်းနှင့် လှူဒါန်းမှုအတွက် အလှူရှင်များကို ကျေးဇူးတင်ပါကြောင်း ပြောကြားခဲ့သည်။

 

လာရောက်လှူဒါန်းကြသည့် အလှူငွေနှင့် ပစ္စည်းများကို ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ လက်ခံရယူပေးခဲ့ပြီး မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းက ကျပ်သိန်း (၃၇၄)တန်ဖိုးရှိ PPE (၂၀၀)စုံ၊ Face Mask (၈၀၀)ခု၊ Steller-150 Portable Ventilator (၄)စုံကိုလည်းကောင်း၊ ရွှေအုတ်ခဲဆောက်လုပ်ရေးကုမ္ပဏီက ကျပ်သိန်း(၃၀၀)တန်ဖိုးရှိ ပစ္စည်းများကိုလည်းကောင်း၊  သုဓမ္မမဏိဇောတဓရ ဦးဝင်းနှင့် ဇနီး ဒေါ်သန်းမိသားစုက  ငွေကျပ်(၁၁၀)သိန်းတန်ဖိုးရှိ ပစ္စည်းများကိုလည်းကောင်း၊ ဂမုန်းပွင့် ကုမ္ပဏီလီမိတက်က ငွေကျပ် (၁၀၀)သိန်းတန်ဖိုးရှိ ပစ္စည်းများကိုလည်းကောင်း၊ မြန်မာနိုင်ငံ ပျော့ဖတ်နှင့် စက္ကူလုပ်ငန်းရှင်များအသင်းက Sugrial Mask (၁၂၀၀၀)ခုကို လည်းကောင်း၊ Hein Myanmar Industrial Co., Ltdက ငွေကျပ်(၁၀)သိန်း၊ Mask (၆၀၀၀)ခု၊ N95 (၂၀၀)ခု၊ လက်အိတ် (၁၅၀၀)စုံ စုစုပေါင်းငွေကျပ် ၃၆၅၀၀၀၀ ကို လည်းကောင်း၊ မြန်မာနိုင်ငံ ပလတ်စတစ်လုပ်ငန်းရှင်များအသင်းက Fiber Mask (၅၀၀၀)ကိုလည်းကောင်း၊ ဦးသိန်းမောင်မိသားစု (ပဲခူးမြို့)က ငွေကျပ်(၁၀)သိန်းတန်ဖိုးရှိ ပစ္စည်းများအားလည်းကောင်း Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက် အသုံးပြုရန် လာရောက်လှူဒါန်းခြင်းဖြစ်သည်။

 

ဆန်းကျော်ဦး (ပြန် /ဆက်)