ရေနံချောင်း ၂၃ ဧပြီ
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယခု ဘဏ္ဍာ နှစ်အတွင်း ကျေးရွာဖွံဖြိုးရေးစီမံကိန်း(VDP)ခွင့်ပြုရန်ပုံငွေကျပ် ၁၀ သန်းနှင့် ကျေးရွာပြည်သူ ထည့်ဝင်ငွေကျပ် ၂ ဒသမ ၅ သန်းဖြင့် ပူးပေါင်းဆောင်ရွက်သည့် ဖရဲကျွန်းတပ်ပိုးကျေးရွာ စာသင်ကျောင်း ဆောက်လုပ်နေမှုကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ဦးစီးမှူးနှင့်တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ဦးစီးမှူးဦးဇော်လင်းနိုင်နှင့် ဝန်ထမ်းများက ကျေးရွာဖွံဖြိုး ရေးကြီးကြပ်မှုကော်မတီနှင့်အတူ လုပ်ငန်းများသတ်မှတ်ချိန်အတွင်းပြီးစီးရေးနှင့် စံချိန်စံညွှန်းပြည့်မီရေး အလေးထား ဆောင်ရွက်ရန် မှာကြားခဲပြီး နည်းပညာပိုင်းနှင့်ပတ်သက်၍ အခက်အခဲများရှိပါက မိမိတို့ဌာန မှ ကူညီပံပိုးပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ စာသင်ကျောင်းအဆောက်အဉီကို ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ကျေးရွာ ဖွံ့ဖြိုးရေး စီမံကိန်း(VDP)ခွင့်ပြုရန်ပုံငွေကျပ် ၁၀ သန်းနှင့် ကျေးရွာပြည်သူထည့်ဝင်ငွေ ၂ ဒဿမ ၅ သန်းဖြင့် အလျား ပေ ၄၀၊ အနံပေ ၃၀၊ အမြင့် ၁၂ ပေဖြစ်ပြီး ကျေးရွာပြည်သူများ ကိုယ်တိုင်အကောင်အထည် ဖော်ဆောင် ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ကိုစိုးကြီး


